Eyes On The Prize

America’s Civil Rights Movement

Black History Month အထိမ်းအမှတ်အဖြစ် အမေရိကန်စင်တာရန်ကုန်ဟာ အွန်လိုင်းကနေ ရုပ်ရှင်တစ်ကား ပြသသွားမှာဖြစ်ပါတယ်။“Eyes on the Prize” လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ ဆုတွေရရှိထားတဲ့ တီဗွီစီးရီးတစ်ခုဖြစ်ပြီး (၁၉၅၄) ကနေ (၁၉၈၅) ကြား ပေါ်ပေါက်ခဲ့တဲ့ အမေရိကန် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုတွေကို တွေ့ဆုံမေးမြန်းခန်းတွေ၊ သမိုင်းဝင်မှတ်တမ်းဗွီဒီယိုတွေနဲ့ မီးမောင်းထိုးပြထားပါတယ်။ ယခုပြသမယ့် အပိုင်းမှာ ဗဟိုပြုထားတာတွေကတော့ နေ့လည်စာ ရောင်းချတဲ့ကောင်တာမှာ ထိုင်လျက်ဆန္ဒထုတ်ဖော်ထုတ်တဲ့ ကိစ္စရပ်မျိုး တောင်ပိုင်းတစ်ခုလုံးပျံ့နှံ့လာတာတွေ၊ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုများမှာ ဦးဆောင်ခဲ့တဲ့ လူမည်းကောလိပ်ကျောင်းသူကျောင်းသားတွေအကြောင်းပဲဖြစ်ပါတယ်။ နယ်ကူးလိုင်းကားတွေပေါ်မှာ ကျင့်သုံးနေတဲ့ အသားအရောင်ခွဲခြားမှုဝါဒကို ဖျက်သိမ်းဖို့ ကြိုးစားရာမှာ စိန်ခေါ်မှုတွေ ကြုံခဲ့ရတဲ့ “Freedom Riders” များအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ကာလကြာရှည်စွာ ထုံးစံဖြစ်နေတဲ့ အသားအရောင်ခွဲခြားမှု၊ ဖိနှိပ်မှု နဲ့ မမျှတမှုတွေကို ဖြိုချဖျက်သိမ်းဖို့ အကြမ်းမဖက်ပြည်သူ့လှုပ်ရှားမှုတွေအကြောင်းကိုလည်း တွေ့မြင်ရမှာပါ။ John Lewis, Martin Luther King, Jr. အပါအဝင် အခြား ထင်ရှားတဲ့ ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအကြောင်းကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားလို့ စိတ်ဝင်စားသူများက ဒီနေရာမှာ စာရင်းသွင်းခဲ့ပါဦး။ https://forms.gle/AaezMmSE2BVBHNKd8 ဖောင်ဖြည့်စာရင်းသွင်းလိုက်ပြီးနောက် (၂၄) နာရီအတွင်း ရုပ်ရှင်ဝင်ကြည့်နိုင်မယ့် log-in အချက်အလက်တွေကို အီးမေးလ်ကနေ ပို့ပေးမှာပါ။ အဆင်ပြေသလို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။American Center Yangon will be hosting a virtual film screening to mark Black History Month. “Eyes on the Prize” is an award-winning television series that features contemporary interviews and historical footage to cover the major events of the American civil rights movement from 1954-1985. This episode centers on black college students who take a leadership role in the civil rights movement as lunch counter sit-ins spread across the South. It also tells the story of “Freedom Riders” who encounter challenges as they strive to desegregate interstate buses. The movie shows how the civil rights movement used non-violence as a tool to dismantle institutionalized segregation, discrimination, and inequality. It also gives us the opportunity to learn from legendary civil rights activists like the late John Lewis, Martin Luther King, Jr., and many others. Space is limited. Reserve your spot here: https://forms.gle/AaezMmSE2BVBHNKd8 Upon registration, you will receive an email within 24 hours with log-in information for the movie. You can enjoy it at your own pace.

Source : American Center Yangon

SocialDemy Newsletter

Subscribe to receive the emails from SocialDemy for the latest news about Education, Entertainment and more ..

Related Articles

SocialDemy မှ Instructor များကို ဖိတ်ခေါ်ခြင်း

SocialDemy သည် ပညာရေးအတွက် သီးသန့်ပြုလုပ်ထားသော Active Learning Community Platform တစ်ခုဖြစ်ပါသည်။ပါဝင်သင်ကြားပေးကြမည့် Instructor များအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။ 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫 𝐏𝐫𝐨𝐟𝐢𝐥𝐞 SocialDemy တွင် သင်ကြားရန် Approve ရပြီးသော Instructor များအနေဖြင့် ကိုယ်ပိုင် Dashboard…

Responses